လူတိုင်းမှာထူးခြားချက်နှင့် လှပခြင်းတွေကိုယ်စီရှိတယ်
- နေ့စဥ်ဖတ်မိသော စိတ်ခွန်အားဖြည့်စာစုများ

- May 7, 2020
- 1 min read
(၂၉)
တချို့က စစ်မှန်တဲ့သံယောဇဉ်ကဘာလဲဆိုတာ သင့်ကို ပြောပြဖို့
သင့် အနားရောက်လာခဲ့တယ်။ တချို့က အတုအယောင်ကဘာလဲဆိုတာ သင့်ကိုပြောပြဖို့ သင့်အနားကို ရောက်လာခဲ့တယ်။ တချို့ကတော့ သင့်ကို နွေးထွေးစေဖို့ သင့်အနား ရောက်လာခဲ့တယ်။ တချို့ကတော့ သင့်စိတ်ကို အေးစက်၊ ဝမ်းနည်းစေဖို့ သင့်အနား ရောက်လာခဲ့တယ်။
ဒါတွေအားလုံးက ဘဝရဲ့လက်ဆောင်ပါ။ သင်နှစ်သက်သည်ဖြစ်စေ၊မနှစ်သက်သည်ဖြစ်စေ လက်ခံရပါတယ်။ ပြီးမှ အဲဒီအရာတွေရဲ့အနက်အဓိပ္ပာယ်ကို နားလည်သိရှိဖို့ကြိုးစားရပါတယ်။
(၃၀)
"အလုပ်”က“အပြော”ထက် အသုံးဝင်တယ်။ “ထလုပ်လိုက်တာ”က” ထိုင်ပြီး ကြောက်ရွံ့နေတာ” ထက်အကျိုးရှိတယ်။ အခက်အခဲနဲ့ကြုံတွေ့တဲ့အခါ မျက်ရည်တလည်လည် လုပ်မနေပါနဲ့။ သတ္တိရှိရှိထရပ်ပြီး စလုပ်လိုက်ပါ။
အကြောင်းက... အခက်အခဲကို အနိုင်ယူသိမ်းပိုက်နိုင်တာက ဂုဏ်တစ်ခုပါ”၊ “ဆင်းရဲဒုက္ခကို ဖြတ်ကျော်နိုင်တာ ဝမ်းသာကြည်နူးတစ်ခုပါ။ တကယ်တော့ လူတိုင်းမှာ ကိုယ်ပိုင်လုပ်နိုင်စွမ်းတွေ ရှိပါတယ်။ မဖြစ်နိုင်ဘူးဆိုတာကို ဖြစ်မြောက်အောင် လုပ်နိုင်စွမ်းပါတယ်။
(၃၁) ဖျတ်ခနဲ ဝမ်းသာပျော်ရွှင်သွားတဲ့ ခံစားမှုမျိုး သင်ဘယ်နှစ်ခု ကြုံတွေ့ဖူးသလဲ...။
(၁) ဝတ်ပြီးသား အင်္ကျီဟောင်းရဲ့ အိတ်ကပ်တွေကို လိုက်စမ်းရင်း ရုတ်တရက်ပိုက်ဆံတွေ့လိုက်တယ်။
(၂) ထွက်လုလုကား ဒါမှမဟုတ် ရထားပေါ် အချိန်မီလေး ရောက်သွားခဲ့တယ်။
(၃) တစ်ယောက်ယောက်ကဓာတ်လှေကားခလုပ်ကို နှိပ်ထားပြီး ဓာတ်လှေကားထဲ သင်အဝင်ကိုရပ်စောင့်ပေးတယ်။
(၄) ဖုန်းမြည်တယ်။ ကြည့်လိုက်တော့ ခုနားလေးတင်ကမှ သင် သတိရမိတဲ့သူဆီက ဖုန်းဖြစ်နေတယ်။
(၅) ဆက်ထုံးအသေ တစ်ခုကို နောက်ဆုံးမှာ ဖြည်လိုက်နိုင်တယ်။
တစ်ယောက်ယောက်က သင့်ကျောကို ကုတ်ပေးနေတယ်။ ကုတ်ရင်းကုတ်ရင်း အယားဆုံးနေရာကို ကုတ်မိသွားတယ်။
ဒီလို အဖြစ်သေးသေးမွှားမွှားတွေကို တွေ့ကြုံဖူးလား ...။
စိတ်ထဲက ရှုပ်ထွေးနေတဲ့ အဆုံးသတစ်ခုကို ဖြည်လိုက်နိုင်ရင် ပျော်ရွှင်ခြင်းဆိုတာနေရာတိုင်းမှာရှိနေပါတယ်။
(၃၂) ဘဝဆိုတာ ရေခဲမုန့်လိုပါပဲ။ အရည်မပျော်ခင် ပျော်ပျော်ရွှင်ရွှင်ကြည်ကြည်နူးနူးနဲ့ခံစားလိုက်ပါ။ ပျော်ရွှင်ခြင်းကိုအနာဂတ်အတွက်ရင်းနှီးမြှုပ်နှံမယ့်အစား လက်ရှိအချိန်အခါအတွက်ပဲ ရင်းနှီးမြှုပ်နှံလိုက်ပါ။ အကြောင်းကငါတို့ဟာအခုလက်ရှိအချိန်အခါမှာရှင်သန်နေလို့ပါပဲ။
(၃၃)
တကယ်လို့ မြန်မြန်လျှောက်ချင်ရင် သင် တစ်ယောက်တည်းလျှောက်ပါ။ တကယ်လို့ ဝေးဝေးလျှောက်ချင်ရင် အဖော်နဲ့လျှောက်ပါ။ ဒါကအာဖရိက စကားပုံတစ်ခုဖြစ်တယ်။ ဒီစကားကို Al GoreကTED ဟောပြောပွဲတစ်ခုမှာပြောခဲ့တာဖြစ်တယ်။ တကယ်တော့ လူ့ဘဝလမ်းခရီးကို တစ်ယောက်တည်း လျှောက်လှမ်းလို့ရသလို အများနဲ့လည်း လျှောက်လှမ်းလို့ရပါတယ်။ တစ်ယောက်တည်းကလွတ်လပ်တယ်။ ကိုယ်လုပ်ချင်တာကို တိုက်ရိုက်ချက်ချင်း လုပ်လို့ရတယ်။ ဒါကြောင့် လျှောက်လှမ်းရတာ ပိုမြန်တယ်။ ဒါပေမယ့်လူတစ်ယောက်ရဲ့အင်အားက အကန့်အသတ် ရှိတယ်။ ဒါဝေးဝေးကို လျှောက်လှမ်းနိုင်ဖို့ရာ ခက်တယ်။
လူနှစ်ယောက် ဒါမှမဟုတ် လူအများ ပေါင်းစုတာက အင်အားဖြစ်တယ်။ လူအများနဲ့ ပေါင်းစုလုပ်ရင် အရာကြီးကြီးမားမားကို လုပ်ဆောင်နိုင်တယ်။ ဒါပေမယ့်လူများရင် အငြင်းပွားမှုတွေရှိတတ်တာသဘာဝပါ။ ဒါကြောင့် အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုတွေလိုအပ်လာတယ်။
တစ်ယောက်တည်းပဲ လျှောက်လျှောက်၊ နှစ်ယောက်တည်းပဲ လျှောက်လျှောက်အဓိကကရှေ့ကိုတည့်တည့်မတ်မတ်နဲ့ သတ္တိရှိရှိလျှောက်လှမ်းနေဖို့ပဲ ဖြစ်တယ်။
*ALGore = ၂၀၀၇နိုဘယ်လ်ဆုရှင်းအမေရိကန်ဒုတိယဥက္ကဋ္ဌဟောင်း
*TED - Technology, Entertainment, Design sacos
ပုဂ္ဂလိကပိုင် Non-Profit Organization
(၃၄) မပျော်ရွှင်ဘူးလို့ အမြဲပြောသူက သူကိုယ်တိုင်လုပ်တဲ့ လှောင်ချိုင့်ထဲမှာပဲ သူ့စိတ်ကို ထည့်လှောင်ထားလို့ ဖြစ်တယ်။ လှောင်ချိုင့်ထဲကနေ သူလှမ်းမထွက်ခဲ့လို့ အပြင်ကို သူမပျံသန်းခဲ့လို့ဖြစ်တယ်။









Comments