သင့်အား အရှက်ရစေသူကို ကျေးဇူးတင်ပါ
- နေ့စဥ်ဖတ်မိသော စိတ်ခွန်အားဖြည့်စာစုများ

- May 7, 2020
- 2 min read
[Unicode] လူမည်းကောင်လေးတစ်ယောက်ဟာ ဆင်းရဲတဲ့မိသားစုကမွေးဖွားခဲ့တယ်။ ဖခင်က သူငယ်ငယ်လေးကတည်းက အမေနဲ့သူ့ကိုထားပြီး အဝေးကိုထွက်သွားပြီဖြစ်တယ်။ အမေက ကြုံရာအလုပ်လုပ်တဲ့သူဖြစ်ပြီး ရတဲ့လခက တစ်လမှာဒေါ်လာ ၃ဝတောင်မရှိပါဘူး။ ဒါတောင် အမေက သူ့ကို ကျောင်းထားပေးခဲ့တယ်။
ဆင်းရဲတဲ့အတွက် ကောင်လေးဟာ ကျောင်းကထောက်ပံ့ပေးတဲ့ငွေကြေးနဲ့ ကျောင်းတက်ခဲ့ရတယ်။ ဆင်းရဲပေမယ့် သူဟာ အတန်းပညာမှာထူးချွန်ခဲ့တယ်။ အတန်းပညာထူးချွန်ပေမယ့် သူဘဝမမြင့်ခဲ့ဘူး။ တကယ်လို့ ကျောင်းသားတွေရဲ့ထောက်ပံ့ကြေးသာမရှိရင် သူကျောင်းနေရမှာ မဟုတ်ဘူးဆိုတာကို သူနားလည်ထားတယ်။ ဒါကြောင့် ကျောင်းစာကိုပဲ သူတစ်စိုက်မတ်မတ်ကြိုးစားခဲ့ပြီး ထောက်ပံ့ကြေးပေးကမ်းသူတွေကို ကျေးဇူးတရားသိဖို့၊ မေတ္တာထားဖို့ကို သူနှလုံးသွင်းခဲ့တယ်။
တစ်နေ့မှာ အတန်းပိုင်ဆရာမက “ရပ်ကွက်ရံပုံငွေ” အတွက် ကျောင်းသားတွေ အလှူငွေထည့်ဖို့ လှုံ့ဆော်ခဲ့တယ်။ ဒါကို သူကြားတော့ သူတစ်ပါးကိုကူညီလိုစိတ်တွေ သူ့ရင်ထဲမှာအညှောင့်ပေါက်ခဲ့တယ်။ ကျောင်းသားတွေရဲ့ပေးကမ်းမှုကိုသူရခဲ့သလို သူတစ်ပါးကိုလည်း သူကူညီချင်ခဲ့တယ်။ ဒါကြောင့် သူလည်း ပိုက်ဆံတွေစုခဲ့တယ်။
ရက်အတန်ငယ်အကြာမှာ အတန်းထဲမှာ ဆရာမက လှူဒါန်းတဲ့ငွေတွေကို လိုက်ကောက်ပါတယ်။ ကောင်လေးကလည်း သူအမှိုက်ကောက်ပြီးရလာခဲ့တဲ့ ငွေသုံးဒေါ်လာကိုလှူဒါန်းဖို့ ဆရာမရဲ့အခေါ်ကို စောင့်နေခဲ့ပါတယ်။ ကိုယ်ပင်ပင်ပန်းပန်းရှာလာတဲ့ငွေကို စင်မြင့်ပေါ်တက်ပြီး လှူဒါန်းနိုင်ပြီဆိုပြီး သူဝမ်းသာနေခဲ့ပါတယ်။ သူ့မျက်နှာပေါ်မှာလည်း ဝမ်းသာပျော်ရွှင်တဲ့အပြုံးတွေ ထင်ဟပ်နေခဲ့ပါတယ်။ ဒါပေမယ့် အတန်းသားအားလုံးရဲ့နာမည်ကိုခေါ်ပြီးချိန်အထိ ဆရာမက သူ့နာမည်ကိုမခေါ်ခဲ့ပါဘူး။ ဒါကို သူနားမလည်လို့ ဆရာမကို ဘာကြောင့်လဲလို့မေးမြန်းခဲ့ပါတယ်။
ဆရာမမေ့သွားလို့ပါလို့ ဆရာမအားနာနာနဲ့ဖြေလိမ့်မယ်လို့ သူထင်ခဲ့ပါတယ်။ ဒါပေမယ့် သူထင်ထားသလို မဟုတ်ခဲ့ဘဲ ဆရာမက ပြတ်သားတဲ့အသံနဲ့ “ဒီတစ်ခေါက် ဆရာမတို့ အလှူငွေကောက်တာဟာ မင်းလိုဆင်းရဲတဲ့သူတွေကို ပံ့ပိုးဖို့ပဲ။ တကယ်လို့ မင်းအဖေသာ သင်ရိုးပြင်ပကြေး၅ဒေါ်လာကို ထည့်နိုင်ခဲ့ရင် မင်းလည်း ထောက်ပံ့ကြေးယူစရာမလိုတော့ဘူး…” ။
ဆရာမရဲ့စကားက အများကြီးမဟုတ်ဘူးဆိုပေမယ့် သူ့နှလုံးသားတည့်တည့်ကို ထိမှန်သွားခဲ့ပါတယ်။ အဲဒီနေ့က မျက်ရည်အဝဲသားနဲ့ အခန်းပြင်ပဖက် သူထွက်ပြေးခဲ့တယ်။ အဲဒီကစ အဲဒီကျောင်းဝင်းထဲ သူခြေလှမ်းမလှမ်းခဲ့တော့ပါဘူး။
အချိန်ဟာ မြားအလျင်လိုပဲ မျက်စိတစ်မှိတ်အတွင်းမှာ အနှစ်၂ဝကုန်လွန်သွားခဲ့ပါတယ်။ တစ်နေ့မှာ အဲဒီလူမည်းကောင်လေးရဲ့နာမည်ဟာ အမေရိကန်နာမည်ကြီး တီဗွီအစီအစဉ်ပေါ်မှာ ပေါ်ထွက်လာမှ လူတွေက တစ်ချိန်တုန်းက ကောင်လေးဟာ အခုအချိန်မှာ နာမည်ကြီးအစီအစဉ်တင်ဆက်သူတစ်ဦး ဖြစ်နေခဲ့ပြီဆိုတာကို သတိထားခဲ့မိကြတယ်။
သူ့အောင်မြင်မှုအကြောင်းပြောကြားချိန်မှာ လူတွေက ဆင်းရဲခြင်းက သူ့ကို အောင်မြင်လိုစိတ်တွေဖြစ်စေခဲ့တယ်လို့ ထင်ခဲ့ကြတယ်။ ဒါကို သူက “ဆင်းရဲခြင်းကြောင့်ပဲ မဟုတ်ပါဘူး… လွန်ခဲ့တဲ့ အနှစ် ၂ဝတုန်းကရခဲ့တဲ့ စိတ်ဒဏ်ရာကြောင့်လည်းပါပါတယ်။ ကျွန်တော်ကို ဆရာမအရှက်ရစေခဲ့တဲ့အတွက်ကြောင့် ဖြစ်တယ်”။ အဲဒီဆရာမနဲ့ အဆက်အသွယ်ရှိသလားလို့ လူတွေမေးတဲ့အခါ သူကကျေနပ်အားရစွာနဲ့ “ရှိတာပေါ့… အစီအစဉ်တင်ဆက်သူတစ်ဦးစဖြစ်တဲ့နေ့မှာပဲ ကျွန်တော်ပန်းတစ်စည်းဝယ်ပြီး ဆရာမဆီသွားခဲ့တယ်။ အဲဒီပန်းစည်းနဲ့ လူအများကို ကျွန်တော်ပြောချင်တာက သင့်ကို အရှက်ရစေခဲ့သူကို ကျေးဇူးတင်ပါဆိုတာပါပဲ။ သူတို့ရဲ့ကြမ်းတမ်းတဲ့စကားလုံးက ကျွန်တော်ရဲ့တိုးတက်အောင်မြင်လိုတဲ့ဓားချွန်ကို ထက်သထက်ထက်အောင် သွေးပေးခဲ့လို့ပါပဲ” လို့ သူပြောခဲ့ပါတယ်။
-----------
မူရင်းလင့်-- http://www.85nian.net/qingchun/5046.html
နိုင်းနိုင်းစနေ .
[Zawgyi]
လူမည္းေကာင္ေလးတစ္ေယာက္ဟာ ဆင္းရဲတဲ့မိသားစုကေမြးဖြားခဲ့တယ္။ ဖခင္က သူငယ္ငယ္ေလးကတည္းက အေမနဲ႔သူ႔ကိုထားၿပီး အေဝးကိုထြက္သြားၿပီျဖစ္တယ္။ အေမက ႀကဳံရာအလုပ္လုပ္တဲ့သူျဖစ္ၿပီး ရတဲ့လခက တစ္လမွာေဒၚလာ ၃ဝေတာင္မရွိပါဘူး။ ဒါေတာင္ အေမက သူ႔ကို ေက်ာင္းထားေပးခဲ့တယ္။
ဆင္းရဲတဲ့အတြက္ ေကာင္ေလးဟာ ေက်ာင္းကေထာက္ပံ့ေပးတဲ့ေငြေၾကးနဲ႔ ေက်ာင္းတက္ခဲ့ရတယ္။ ဆင္းရဲေပမယ့္ သူဟာ အတန္းပညာမွာထူးခြၽန္ခဲ့တယ္။ အတန္းပညာထူးခြၽန္ေပမယ့္ သူဘဝမျမင့္ခဲ့ဘူး။ တကယ္လို႔ ေက်ာင္းသားေတြရဲ႕ေထာက္ပံ့ေၾကးသာမရွိရင္ သူေက်ာင္းေနရမွာ မဟုတ္ဘူးဆိုတာကို သူနားလည္ထားတယ္။ ဒါေၾကာင့္ ေက်ာင္းစာကိုပဲ သူတစ္စိုက္မတ္မတ္ႀကိဳးစားခဲ့ၿပီး ေထာက္ပံ့ေၾကးေပးကမ္းသူေတြကို ေက်းဇူးတရားသိဖို႔၊ ေမတၱာထားဖို႔ကို သူႏွလုံးသြင္းခဲ့တယ္။
တစ္ေန႔မွာ အတန္းပိုင္ဆရာမက “ရပ္ကြက္ရံပုံေငြ” အတြက္ ေက်ာင္းသားေတြ အလႉေငြထည့္ဖို႔ လႈံ႕ေဆာ္ခဲ့တယ္။ ဒါကို သူၾကားေတာ့ သူတစ္ပါးကိုကူညီလိုစိတ္ေတြ သူ႔ရင္ထဲမွာအေညႇာင့္ေပါက္ခဲ့တယ္။ ေက်ာင္းသားေတြရဲ႕ေပးကမ္းမႈကိုသူရခဲ့သလို သူတစ္ပါးကိုလည္း သူကူညီခ်င္ခဲ့တယ္။ ဒါေၾကာင့္ သူလည္း ပိုက္ဆံေတြစုခဲ့တယ္။
ရက္အတန္ငယ္အၾကာမွာ အတန္းထဲမွာ ဆရာမက လႉဒါန္းတဲ့ေငြေတြကို လိုက္ေကာက္ပါတယ္။ ေကာင္ေလးကလည္း သူအမႈိက္ေကာက္ၿပီးရလာခဲ့တဲ့ ေငြသုံးေဒၚလာကိုလႉဒါန္းဖို႔ ဆရာမရဲ႕အေခၚကို ေစာင့္ေနခဲ့ပါတယ္။ ကိုယ္ပင္ပင္ပန္းပန္းရွာလာတဲ့ေငြကို စင္ျမင့္ေပၚတက္ၿပီး လႉဒါန္းႏိုင္ၿပီဆိုၿပီး သူဝမ္းသာေနခဲ့ပါတယ္။ သူ႔မ်က္ႏွာေပၚမွာလည္း ဝမ္းသာေပ်ာ္႐ႊင္တဲ့အၿပဳံးေတြ ထင္ဟပ္ေနခဲ့ပါတယ္။ ဒါေပမယ့္ အတန္းသားအားလုံးရဲ႕နာမည္ကိုေခၚၿပီးခ်ိန္အထိ ဆရာမက သူ႔နာမည္ကိုမေခၚခဲ့ပါဘူး။ ဒါကို သူနားမလည္လို႔ ဆရာမကို ဘာေၾကာင့္လဲလို႔ေမးျမန္းခဲ့ပါတယ္။
ဆရာမေမ့သြားလို႔ပါလို႔ ဆရာမအားနာနာနဲ႔ေျဖလိမ့္မယ္လို႔ သူထင္ခဲ့ပါတယ္။ ဒါေပမယ့္ သူထင္ထားသလို မဟုတ္ခဲ့ဘဲ ဆရာမက ျပတ္သားတဲ့အသံနဲ႔ “ဒီတစ္ေခါက္ ဆရာမတို႔ အလႉေငြေကာက္တာဟာ မင္းလိုဆင္းရဲတဲ့သူေတြကို ပံ့ပိုးဖို႔ပဲ။ တကယ္လို႔ မင္းအေဖသာ သင္႐ိုးျပင္ပေၾကး၅ေဒၚလာကို ထည့္ႏိုင္ခဲ့ရင္ မင္းလည္း ေထာက္ပံ့ေၾကးယူစရာမလိုေတာ့ဘူး…” ။
ဆရာမရဲ႕စကားက အမ်ားႀကီးမဟုတ္ဘူးဆိုေပမယ့္ သူ႔ႏွလုံးသားတည့္တည့္ကို ထိမွန္သြားခဲ့ပါတယ္။ အဲဒီေန႔က မ်က္ရည္အဝဲသားနဲ႔ အခန္းျပင္ပဖက္ သူထြက္ေျပးခဲ့တယ္။ အဲဒီကစ အဲဒီေက်ာင္းဝင္းထဲ သူေျခလွမ္းမလွမ္းခဲ့ေတာ့ပါဘူး။
အခ်ိန္ဟာ ျမားအလ်င္လိုပဲ မ်က္စိတစ္မွိတ္အတြင္းမွာ အႏွစ္၂ဝကုန္လြန္သြားခဲ့ပါတယ္။ တစ္ေန႔မွာ အဲဒီလူမည္းေကာင္ေလးရဲ႕နာမည္ဟာ အေမရိကန္နာမည္ႀကီး တီဗြီအစီအစဥ္ေပၚမွာ ေပၚထြက္လာမွ လူေတြက တစ္ခ်ိန္တုန္းက ေကာင္ေလးဟာ အခုအခ်ိန္မွာ နာမည္ႀကီးအစီအစဥ္တင္ဆက္သူတစ္ဦး ျဖစ္ေနခဲ့ၿပီဆိုတာကို သတိထားခဲ့မိၾကတယ္။
သူ႔ေအာင္ျမင္မႈအေၾကာင္းေျပာၾကားခ်ိန္မွာ လူေတြက ဆင္းရဲျခင္းက သူ႔ကို ေအာင္ျမင္လိုစိတ္ေတြျဖစ္ေစခဲ့တယ္လို႔ ထင္ခဲ့ၾကတယ္။ ဒါကို သူက “ဆင္းရဲျခင္းေၾကာင့္ပဲ မဟုတ္ပါဘူး… လြန္ခဲ့တဲ့ အႏွစ္ ၂ဝတုန္းကရခဲ့တဲ့ စိတ္ဒဏ္ရာေၾကာင့္လည္းပါပါတယ္။ ကြၽန္ေတာ္ကို ဆရာမအရွက္ရေစခဲ့တဲ့အတြက္ေၾကာင့္ ျဖစ္တယ္”။ အဲဒီဆရာမနဲ႔ အဆက္အသြယ္ရွိသလားလို႔ လူေတြေမးတဲ့အခါ သူကေက်နပ္အားရစြာနဲ႔ “ရွိတာေပါ့… အစီအစဥ္တင္ဆက္သူတစ္ဦးစျဖစ္တဲ့ေန႔မွာပဲ ကြၽန္ေတာ္ပန္းတစ္စည္းဝယ္ၿပီး ဆရာမဆီသြားခဲ့တယ္။ အဲဒီပန္းစည္းနဲ႔ လူအမ်ားကို ကြၽန္ေတာ္ေျပာခ်င္တာက သင့္ကို အရွက္ရေစခဲ့သူကို ေက်းဇူးတင္ပါဆိုတာပါပဲ။ သူတို႔ရဲ႕ၾကမ္းတမ္းတဲ့စကားလုံးက ကြၽန္ေတာ္ရဲ႕တိုးတက္ေအာင္ျမင္လိုတဲ့ဓားခြၽန္ကို ထက္သထက္ထက္ေအာင္ ေသြးေပးခဲ့လို႔ပါပဲ” လို႔ သူေျပာခဲ့ပါတယ္။
-----------
မူရင္းလင့္-- http://www.85nian.net/qingchun/5046.html
ႏိုင္းႏိုင္းစေန .



Comments